မြန်မာနိုင်ငံသည် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း ၂ ဒသမ ၅၀၆ သန်း တင်ပို့ခဲ့ရာမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၇၉၀ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ထုတ်ပြန်ချက်အရ သိရသည်။ လအလိုက် တင်ပို့မှုများတွင် ဒီဇင်ဘာလ၌ တန်ချိန် ၃၃၁,၈၆၄ ကျော်ဖြင့် အများဆုံး တင်ပို့နိုင်ခဲ့ပြီး အောက်တိုဘာလတွင် ဒေါ်လာ ၉၂ သန်းဖြင့် ဝင်ငွေအများဆုံး ရရှိခဲ့သည်။ ယခုနှစ် ၁၁ လအတွင်း တင်ပို့မှုပမာဏသည် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့ခဲ့သည့် တန်ချိန် ၂ ဒသမ ၄၈၇ သန်းထက် ကျော်လွန်နေပြီဖြစ်ကြောင်းလည်း MRF ၏ အချက်အလက်များအရ သိရှိရပါသည်။
Mar 06 • 6:39 AM
Myanmar
Local
Share
| 22 | 0 | 0 | 0 |


