back

ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသည်တင်ရေယာဥ်နှင့် မော်တော်ယာဥ်များ ပြေးဆွဲရာတွင် စက်သုံးဆီအခက်အခဲ မရှိဟု သိရ

Mar 06 • 3:16 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသည်တင်ရေယာဥ်နှင့် မော်တော်ယာဥ်များ ပြေးဆွဲရာတွင် စက်သုံးဆီအခက်အခဲ မရှိဟု သိရ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်များနှင့် လိုင်းသင်္ဘော၊ စက်လှေများအတွက် စက်သုံးဆီပြတ်လပ်မှုမရှိဘဲ ပုံမှန်အတိုင်း သွားလာလျက်ရှိကြ...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်များနှင့် လိုင်းသင်္ဘော၊ စက်လှေများအတွက် စက်သုံးဆီပြတ်လပ်မှုမရှိဘဲ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း သိရသည်။ ပုဂ္ဂလိကရေကြောင်းလိုင်းများ ကြီးကြပ်မှုကော်မတီနှင့် ရေယာဉ်ပိုင်ရှင်များအသင်းတို့၏ ပြောကြားချက်အရ ရေယာဉ်များအတွက် "မောင်းဆီ" ကို အမြဲမပြတ်ရောင်းချပေးနေပြီး၊ ခရီးသည်တင်ယာဉ်မောင်းများအနေဖြင့်လည်း လိုအပ်သလောက် ဝယ်ယူရရှိနေကြောင်း သိရသည်။ သို့သော် ဆီဆိုင်အချို့တွင် ပီပါဖြင့် ရောင်းချမှုကို ကန့်သတ်လိုက်သည့်အတွက် ပင်လယ်ပြင်ထွက် ငါးဖမ်းရမည့် ရေလုပ်ငန်းရှင်အချို့မှာမူ ငါးမဖမ်းနိုင်ခြင်း အပါအဝင် အခက်အခဲအချို့နှင့် ကြုံတွေ့နေရကြောင်း သိရသည်။

news-view-count-icon

17