back

စက်သုံးဆီမရောင်းပေးသည့် ဆီဆိုင်များကို ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု စွမ်းအင်ဝန်ကြီး ဌာန သတိပေး

Mar 06 • 3:10 AM

breaking-news

Myanmar

Local

cover

စက်သုံးဆီမရောင်းပေးသည့် ဆီဆိုင်များကို ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု စွမ်းအင်ဝန်ကြီး ဌာန သတိပေး

မြန်မာနိုင်ငံတွင် စက်သုံးဆီ ရက် ၄၀ စာအတွက် ဓာတ်ဆီဂါလံသန်း ၆၀ နှင့် ဒီဇယ်ဂါလံသန်း ၇၀ နီးပါး အရန်သင့်ရှိနေပြီး ဆီတင်သင်္ဘောများလည်း အဆက်မပြတ် ဝင်ရောက်ရန်ရှိနေသဖြင...

မြန်မာနိုင်ငံတွင် စက်သုံးဆီ ရက် ၄၀ စာအတွက် ဓာတ်ဆီဂါလံသန်း ၆၀ နှင့် ဒီဇယ်ဂါလံသန်း ၇၀ နီးပါး အရန်သင့်ရှိနေပြီး ဆီတင်သင်္ဘောများလည်း အဆက်မပြတ် ဝင်ရောက်ရန်ရှိနေသဖြင့် စက်သုံးဆီမရောင်းပေးသည့် ဆီဆိုင်များကို လုပ်ငန်းပိတ်သိမ်းသည်အထိ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတိပေးလိုက်သည်။ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲ ပိုလျှံဝယ်ယူခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းထားပြီး၊ အကယ်၍ စက်သုံးဆီရောင်းချပေးခြင်းမရှိသည့် ဆိုင်များရှိပါက ဖုန်းနံပါတ် ၀၉၇၉၇၄၂၁၀၉၅ နှင့် ၀၉၅၂၄၀၃၆၃ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ဆိပ်ကမ်း၌ ဆီတင်သင်္ဘော ၂ စီး ရောက်ရှိနေပြီး နောက်ထပ် သင်္ဘော ၁၄ စီးလည်း ထပ်မံရောက်ရှိလာမည်ဖြစ်သဖြင့် ဆီပြတ်လပ်ရန် အကြောင်းမရှိကြောင်း သိရသည်။

news-view-count-icon

27