back

နိုင်ငံရေးအကျဥ်းသားအများအပြား လွတ်ငြိမ်းခွင့်ရခြင်းကိုကြိုဆိုဟု EU အသိပေး

Mar 06 • 3:08 AM

breaking-news

Myanmar

Local

cover

နိုင်ငံရေးအကျဥ်းသားအများအပြား လွတ်ငြိမ်းခွင့်ရခြင်းကိုကြိုဆိုဟု EU အသိပေး

မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တပေါင်းလပြည့်နေ့နှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဉ်းသား ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေ...

မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တပေါင်းလပြည့်နေ့နှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဉ်းသား ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးခြင်းနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသူ ၁၂,၀၀၀ ကျော်၏ အမှုများကို ပိတ်သိမ်းပေးခဲ့ခြင်းအပေါ် ဥရောပသမဂ္ဂ (EU) သံရုံးက မတ်လ ၅ ရက်တွင် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ အကြမ်းဖက်မှုများ လျှော့ချရေးနှင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရေးတို့ကို ဆက်လက်ထောက်ခံအားပေးလျက်ရှိကြောင်းလည်း အသိပေးထားသည်။ ယခု လွတ်ငြိမ်းခွင့်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် ၅၂(က) တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများနှင့် တရားစွဲဆိုခံထားရသည့် အမှုပေါင်း ၉,၅၃၂ မှုတို့ကို ပိတ်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

30