back

အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခပြင်းထန်နေချိန် မြောက်ကိုရီးယားရေတပ်က ဒုံးကျည်စမ်းသပ်ပစ်ခတ်

Mar 05 • 8:00 AM

breaking-news

Myanmar

International

cover

အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခပြင်းထန်နေချိန် မြောက်ကိုရီးယားရေတပ်က ဒုံးကျည်စမ်းသပ်ပစ်ခတ်

မြောက်ကိုရီးယားရေတပ် ဖျက်သင်္ဘောအသစ်မှ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ် ခတ်ခြင်းကို ခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင်ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင်မီ...

မြောက်ကိုရီးယားရေတပ် ဖျက်သင်္ဘောအသစ်မှ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ် ခတ်ခြင်းကို ခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင်ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြသည်။မြောက်ကိုရီးယားရေတပ်သည် မတ်လ ၄ ရက်က ဘက်စုံသုံးဖျက်သင်္ဘောအသစ်ဖြစ်သည့် Choe Hyon ဖြင့် ပင်လယ်ပြင်မှမြေပြင်ပေါ်သို့ ခရုဇ်ဒုံးကျည်များစမ်းသပ်ပစ်လွှတ်မှုကို ကိုယ်တိုင်စောင့်ကြည့်ပြီး ကြီးကြပ်ခဲ့ခြင်းဖြစ်သည်။အမေရိကန်နှင့်အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှု၊ အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အရှေ့ အလယ်ပိုင်းဒေသ၌ စစ်ရေးပဋိပက္ခများမြင့်တက်နေချိန်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကျွန်တော်တို့ရေတပ်ရဲ့ ရေပေါ်၊ ရေအောက် တိုက်ခိုက်နိုင်စွမ်းတွေက အရှိန်အဟုန်နဲ့တိုးတက်လာ မှာပါ”ဟု ကင်ဂျုံအန်းက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့်ပြောသည်။

ရေတပ်၏ နျူလက်နက်တပ်ဆင်မှုသည် ကျေနပ်ဖွယ်ရာတိုးတက်မှုရှိနေသည်ဟုလည်း ၎င်းက ပြောသည်။နျူကလီးယားလက်နက်အင်အားကို မြှင့်တင်တည်ဆောက်ရေးအတွက် အလေးထားကြိုးပမ်းမည် ဖြစ် ကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပသည့် ကိုရီးယားအလုပ်သမားပါတီညီလာခံအပြီး စစ်ရေးပြ ချီတက်ပွဲတွင် ကင်ဂျုံအန်းကကြွေးကြော်ထားသည်။အထက်ပါ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွင် မြောက်ကိုရီယားအနေဖြင့် ၎င်းတို့၏ နျူကဘီးယားစွမ်းရည် ကို ထုတ်ဖော်ပြသရန်အတွက် ဗျူဟာမြောက်လက်နက်များကို အသုံးပြုခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာနတစ်ခုဖြစ်သည့် Yonhap က မှတ်ချက်ပြုသည်။ကင်ဂျုံအန်းသည် မြောက်ကိုရီးယား၏ ထင်ရှားသော ဆိပ်ကမ်းမြို့ နမ်ပိုရှိ သင်္ဘောကျင်းသို့ နှစ်ရက်ကြာ သွားရောက်ကာ တန်ငါးထောင်အလေးချိန်ရှိ Choe Hyon အတန်းအစား ဖျက်သင်္ဘောအသစ် တည် ဆောက်နေမှုကိုလည်း စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။

news-view-count-icon

17