ယခုနှစ်အတွင်း ပြည်ပမှတင်သွင်းကုန်ဖြစ်သည့် ပဲပုပ်ဖတ် အဝင်မရှိသည့်အတွက် မွေးမြူရေးအစာစပ်စက်ရုံများတွင် ကြက်စာ၊ ဘဲစာအတွက် ငါးကုံးညိုခြောက်နှင့် ငါးစုံငါးခြောက်ကို အားထားနေရကြောင်းသိရသည်။လက်ရှိတွင် ကြက်စာ၊ ဘဲစာငါးစျေးသည် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေလုပ်သားအများစုကလည်း ရရှိလာသော ငါးများအနက်မှ တန်ဖိုးကြီး ငါးများကိုသာ ငါးခြောက်ခွဲရောင်းချကြပြီး ကျန်သောငါးများကို ကြက်စာ၊ ဘဲစာအဖြစ် နေလှန်းကာ စက်ရုံသွင်းရောင်းချကြခြင်းဖြစ်သည်။



