မတ်လ ပထမပတ်မှစ၍ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) အား စတင်အသုံးပြုဆောင် ရွက်သွားမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက သတင်းထုတ်ပြန်သည်။ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများမှာ အခွန်ပေးဆောင်ရန်မလိုဘဲ ဆက်လက်အသုံးပြုနိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက်ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ခွင့်ပြုစာရင်းတွင် ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး မိုဘိုင်းလက်ကိုင်ဖုန်းများတွင် ဆက်သွယ်ရေးကွန်ရက် (MPT၊ ATOM၊ Ooredoo၊ Mytel) များ၏ SIM Card များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။



