back

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းမည့်ရေနံတင်သင်္ဘောများကို အမေရိကန် ရေတပ်က လုံခြုံရေး ရယူပေးနိုင်

Mar 05 • 3:51 AM

breaking-news

Myanmar

International

cover

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းမည့်ရေနံတင်သင်္ဘောများကို အမေရိကန် ရေတပ်က လုံခြုံရေး ရယူပေးနိုင်

အီရန်စစ်ရေးပဋိပက္ခကာလအတွင်း ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းမည့် ရေယာဉ်များ ကို အမေရိကန်ရေတပ်အနေဖြင့် လုံခြုံရေးအကူအညီပေးနိုင်ကြောင်းသမ္မတ ဒေါ်နယ်ထရန့် က မတ် ၃ ရက်တ...

အီရန်စစ်ရေးပဋိပက္ခကာလအတွင်း ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းမည့် ရေယာဉ်များ ကို အမေရိကန်ရေတပ်အနေဖြင့် လုံခြုံရေးအကူအညီပေးနိုင်ကြောင်းသမ္မတ ဒေါ်နယ်ထရန့် က မတ် ၃ ရက်တွင်လူမှုမီဒီယာစာမျက်နှာပေါ်၌ ကြေညာထားသည်။ယင်းအပြင် ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့အနီးပြုလုပ်နေသော ပင်လယ် ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်းများ၏ဘဏ္ဍာရေးအရလုံခြုံမှုကို အာမခံချက်ပေးနိုင်မည့် အာမခံမူဝါဒများဖော်ဆောင်ပေးရန်လည်သမ္မတဒေါ်နယ်ထရန့်က ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးရေးဌာန သို့ညွှန်ကြားထားကြောင်း သိရသည်။လိုအပ်လာခဲ့ပါက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရမည့် ရေနံတင်သင်္ဘောများကို အမေရိကန်ရေတပ်က လုံခြုံရေးပေးမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာ စာမျက်နှာပေါ်တွင် ရေးသားထားသည်။ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်ပြီဖြစ်ရာ ယင်းရေလက်ကြားအား ဖြတ်သန်းရန် ကြိုးပမ်းသော မည်သည့်သင်္ဘောမျိုးကိုမဆို တိုက်ခိုက်မည်ဖြစ်ကြောင်း အီရန် တော်လှန် ရေးအစောင့်တပ်က ခြိမ်းခြောက်ခဲ့ပြီးနောက်သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါ ကမ်းလှမ်းချက် ပေါ်ထွက်လာခြင်းဖြစ်သည်။အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က အီရန်ကိုစစ်ရေးအရတိုက်ခိုက်နေချိန်တွင် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်က သတိပေးခဲ့ခြင်းဖြစ်သည်။ပါရှန်ပင်လယ်ကွေ့ကို အိုမန်ပင်လယ်ကွေ့၊ အာရေးဗီးယန်းပင်လယ်ကွေ့နှင့် ချိတ်ဆက်ပေး ထားသော ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံထုတ်ကုန် ၂၀ ရာခိုင်နှုန်း နေ့စဉ် ဖြတ်သန်း နေသည့် မဟာဗျူဟာမြောက်ရေလမ်းကြောင်း ဖြစ်သည်။

news-view-count-icon

22