back

ဗန်ကောက်ငလျင်တွင် သေဆုံး၍ဒဏ်ရာရရှိခဲ့ သည့် မြန်မာများအတွက် လျော်ကြေးရ

Mar 05 • 3:39 AM

breaking-news

Thailand

Local News

cover

ဗန်ကောက်ငလျင်တွင် သေဆုံး၍ဒဏ်ရာရရှိခဲ့ သည့် မြန်မာများအတွက် လျော်ကြေးရ

ဗန်ကောက်ငလျင်တွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ၂၇ဦးနှင့် ဒဏ်ရာရသူ ခုနစ်ဦး အတွက်ဘတ် ၂၈ သန်း လေးသိန်း လျော်ကြေးရရှိခဲ့ကြောင်း မတ် ၃ ရက်တွင် နိုင်ငံ ခြားရေးဝန်ကြီ...

ဗန်ကောက်ငလျင်တွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ၂၇ဦးနှင့် ဒဏ်ရာရသူ ခုနစ်ဦး အတွက်ဘတ် ၂၈ သန်း လေးသိန်း လျော်ကြေးရရှိခဲ့ကြောင်း မတ် ၃ ရက်တွင် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ထိုင်းနိုင်ငံ ဗန်ကောက်မြို့ချက်တူချပ်(Chatuchak)နယ်မြေ၌၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် ငလျင်ကြောင့် ဆောက်လုပ်ဆဲ အစိုးရစာရင်းစစ်ရုံးအဆောက်အအုံ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။မတ် ၂ ရက်တွင် ဗန်ကောက်မြို့တော်ဝင်နာယကအောက်ရှိ ထိုင်းရှေ့နေများကောင်စီ အစည်းအဝေးခန်းမ၌ ငလျင်ကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။၎င်းအခမ်းအနားသည် ဖြစ်စဉ်အတွင်း သေဆုံး/ ဒဏ်ရာရသူများအနက် စတုတ္ထအကြိမ် (နောက်ဆုံးအကြိမ်) စိစစ်အတည်ပြုပြီးသူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီး ငလျင်ကြောင့် သေဆုံးသူ မြန်မာအလုပ်သမား ၁၂ ဦးတို့၏ မိသားစုဝင်များအား ITD-CREC ဖက်စပ်လုပ်ငန်းစုမှ ထောက်ပံ့ငွေ ဘတ် တစ်သန်းစီဖြင့် ဘတ် ၁၂ သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။ယခင်ကလည်း စိစစ်အတည်ပြုမှု သုံးကြိမ်အတွင်း ဒဏ်ရာရသူမြန်မာအလုပ်သမား ခုနစ်ဦးနှင့်သေဆုံးသူ ၁၅ ဦးတို့ကို ITD - CREC ဖက်စပ်လုပ်ငန်းစုမှ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငလျင်ကြောင့် ထိုခိုက်သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားများ နစ်နာကြေး ရရှိနိုင်ရန် ဗန်ကောက်မြို့မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးတို့မှ သက်ဆိုင်ရာကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ လေးကြိမ်စိစစ်မှုအတွင်း သေဆုံးသူ မြန်မာ အလုပ်သမား ၂၇ ဦးနှင့် ဒဏ်ရာရသူခုနစ်ဦး စုစုပေါင်း ၃၄ ဦးတို့အတွက် သေဆုံးသူ တစ်ဦးလျှင် ဘတ်တစ်သန်းစီနှင့် ဒဏ်ရာရသူ တစ်ဦးလျှင်ဘတ်နှစ်သိန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ဘတ် ၂၈ သန်းလေးသိန်း ပေးအပ်ထားပြီးဖြစ်ကြောင်းသိရသည်။


news-view-count-icon

12