ကယား(ကရင်နီ)ပြည် မြေပြင်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ကရင်နီပညာရေး ဒီဂရီကောလိပ်ရဲ့ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း အမှတ်စဥ် (၃) အတွက် သင်တန်းသားခေါ်ယူနေပါတယ်။ လာမယ့် မေလ နောက်ဆုံးအပတ်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၃၀ ဦး စုစုပေါင်း သင်တန်းသားဦးရေ ၄၀ ကို ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ လျှောက်ထားလိုသူတွေဟာ သင်ကြားရေးလုပ်ငန်းကို စိတ်ပါဝင်စားပြီး သင်တန်းကာလပြီးဆုံးတဲ့အချိန် ပြည်သူ့အခြေပြု အခြေခံပညာ ကျောင်းတွေမှာ သင်ကြားရေး ပြန်လည်ဆောင်ရွက်နိုင်သူတွေကို ဦးစားပေးခေါ်ယူမှာဖြစ်ပါတယ်။ သင်တန်း လျှောက်လွှာကိုတော့ လာမည့် ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ သင်တန်းကြေး၊ စားစရိတ်ကောက်ခံမှု ရှိမှာဖြစ်တာကြောင့် လျှောက်ထားတဲ့ သင်တန်းသားတွေထဲ အခက်အခဲရှိသူတွေကို အရစ်ကျပေးသွင်းနိုင်ဖို့ကိုလည်း ညှိနှိုင်းဆွေးနွေးနိုင်တယ်လို့လည်း ကရင်နီပညာရေး ဒီဂရီကောလိပ်ကျောင်းက အသိပေးထားပါတယ်။ 
Mar 05 • 2:55 AM
Myanmar
Kayah
Share
| 14 | 0 | 0 | 0 |


