သရုပ်ဆောင် ဝါဆိုမိုးဦးက ယနေ့မှာ သူ့ရဲ့ဘဝမှာ အမှတ်တရဖြစ်စေတဲ့ လက်စွပ်လေးကို အမြတ်တနိုးကြွားလာခဲ့ပါတယ်။ ချစ်သူနဲ့အတူတူ ကမ်းခြေကိုရောက်ရှိနေတဲ့သူမက ပင်လယ်ကြီးရဲ့ အလှတရားတွေကြားမှာ ဘဝရဲ့အမှတ်တရပစ္စည်းလေးကို ထုတ်ပြလာခဲ့တာပါ။ ဝါဆိုမိုးဦးဟာ မကြာခင်မှာပဲ ချစ်သူ ဖြိုးလေးနဲ့ အိမ်ထောင်သည်ဘဝကို ခံယူတော့မှာပဲဖြစ်ပါတယ်။



