လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ဓာတ်ဆီဂါလံသန်း (၆၀)နှင့် ဒီဇယ်ဆီဂါလံသန်း(၇၀)နီးပါးကိုစုပုံထားပြီးဖြစ်၍ မြန်မာနိုင်ငံအတွင်း အရန်စက်သုံးဆီမှာ ရက် (၄၀)ခန့်စာရှိသည့်အပြင် ဆိပ်ကမ်းတွင်ရောက်ရှိဆိုက် ကပ်ထားကာ စက်သုံးဆီမချရသေးသော စက်သုံးဆီတင်သင်္ဘော(၂)စင်းနှင့် ဝယ်ယူထားပြီးလမ်းတွင်ရောက်ရှိနေသည့် စက်သုံးဆီတင်သင်္ဘော(၁၄)စင်းလည်းရှိသည်ဟု ပြောသည်။မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုသည် တစ်ရက်လျင် ဓာတ်ဆီ(၁ ဒသမ ၅)သန်းဂါလံ၊ ဒီဇယ်ဆီ(၁ ဒသမ ၇) သန်းဂါလံခန့်ရှိကာ တစ်ရက်လျင် စက်သုံးဆီ(၃ ဒသမ ၂)သန်းဂါလံခန့် သုံးစွဲနေသည်ဟု ပြောသည်။ထို့ပြင် မတ် ၃ ရက်ကထုတ်ပြန်ခဲ့သည့် စက်သုံးဆီခြိုးခြုံချွေတာသုံးစွဲရေးနှင့်ပတ်သက်သော ထုတ်ပြန်ချက် သည် မြန်မာနိုင်ငံ၌ အရန်စက်သုံးဆီမရှိခြင်းကြောင့် ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ ရေရှည်ဖြစ်လာနိုင်သည့် အ ခြေအနေများကိုတွက်ဆပြီး ခြိုးခြုံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။



