ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲ အစိုးရစာရင်းစစ်ရုံး အဆောက်အဦးပြိုကျမှုတွင် သေဆုံးခဲ့ရသည့် မြန်မာအလုပ်သမား ၂၇ ဦး၏ မိသားစုဝင်များအား တစ်ဦးလျှင် ဘတ် ၁ သန်းစီနှင့် ဒဏ်ရာရရှိသူ ၇ ဦးအတွက် တစ်ဦးလျှင် ဘတ် ၂ သိန်းစီကို နစ်နာကြေးအဖြစ် ယမန်နေ့ မတ်လ ၂ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေများကို ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ စုစုပေါင်း ထောက်ပံ့ငွေ ဘတ် ၂၈ ဒသမ ၄ သန်းကို အဆောက်အဦးတည်ဆောက်ရေးတာဝန်ယူထားသည့် ITD-CREC ဖက်စပ်လုပ်ငန်းစုက ပေးအပ်ခြင်းဖြစ်သည်။ အခမ်းအနားသို့ မြန်မာသံအမတ်ကြီးနှင့် ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ လက်ရှိအချိန်အထိ စိစစ်မှု ၄ ကြိမ်အတွင်း စုစုပေါင်း မြန်မာနိုင်ငံသား ၃၄ ဦးအတွက် နစ်နာကြေးများ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် မြန်မာလုပ်သား ၂၇ ဦးအတွက် တစ်ဦးလျှင် ဘတ် ၁ သန်းစီ နစ်နာကြေးပေးအပ်
Mar 04 • 5:40 AM
Thailand
Local News
Share
| 14 | 0 | 0 | 0 |


