back

မြန်မာနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့

Mar 03 • 9:05 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့

မြန်မာ့ပြောင်းသီးနှံအား ဖိလစ်ပိုင်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း (Myanmar Corn Industrial Association-MCIA)...

မြန်မာ့ပြောင်းသီးနှံအား ဖိလစ်ပိုင်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း (Myanmar Corn Industrial Association-MCIA) နှင့် ဖိလစ်ပိုင် နိုင်ငံတကာကုန်သွယ်ရေး ကော်ပိုရေးရှင်း (Philippines International Trade Corporation-PITC) တို့အကြား နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘော တူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။အဆိုပါ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်း ဦးဆောင်၍ မြန်မာ့ ပြောင်းလုပ်ငန်းအသင်းမှ ကိုယ်စားလှယ်များနှင့် ဖိလစ်ပိုင်နိုင်ငံတကာကုန်သွယ်ရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးမှု ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်များကိုအားကောင်း စေရန်နှင့် နှစ်နိုင်ငံလုံးမှ စက်မှုလုပ်ငန်း အကျိုးတူပါဝင်သူများအားလုံး အကျိုးရှိစေမည့် ဈေးကွက်အခွင့်အလမ်းသစ်များကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ကြောင်းလည်း သိရပါတယ်။

ထိုသို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေပြီး နိုင်ငံတကာချိတ်ဆက်မှုများကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံလုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းများ ဆက်လက်ဖန်တီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

28