back

ဟော်မုဇ်ရေလက်ကြားကိုအီရန်ပိတ်၍ဖြတ်သန်းမည့်သင်္ဘောမှန်သမျှတိုက်ခိုက်ခံရမည်ဟု သတိပေး

Mar 03 • 6:56 AM

breaking-news

Myanmar

International

cover

ဟော်မုဇ်ရေလက်ကြားကိုအီရန်ပိတ်၍ဖြတ်သန်းမည့်သင်္ဘောမှန်သမျှတိုက်ခိုက်ခံရမည်ဟု သတိပေး

အီရန်ရဲ့ အစ္စလာမ်တော်လှန်ရေးအစောင့်တပ်(IRGC)က အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ရေကြောင်းသွားလာရေးအားလုံး ပိတ်ဆို့လိုက်တယ်လို့ ကြေညာလိုက်ကာ ထိုနေရာကနေ ရေကြောင်းဖြတ...

အီရန်ရဲ့ အစ္စလာမ်တော်လှန်ရေးအစောင့်တပ်(IRGC)က အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ရေကြောင်းသွားလာရေးအားလုံး ပိတ်ဆို့လိုက်တယ်လို့ ကြေညာလိုက်ကာ ထိုနေရာကနေ ရေကြောင်းဖြတ်သန်းတဲ့ သင်္ဘောမှန်သမျှ တိုက်ခိုက်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။ ရာထူးမြင့် IRGC တပ်မှူးတစ်ဦးက ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ကာ ဖြတ်သန်းမယ့်သင်္ဘောမှန်သမျှကို တိုက်ခိုက်မယ်လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက မှတ်ချက်ပြုပါတယ်။ ဒီလုပ်ရပ်ကြောင့် စီးပွားရေးပို့ဆောင်မှုတွေ လုံးဝရပ်တန့်သွားမှာဖြစ်ပြီး ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံခန့် အခက်တွေ့လာနိုင်ပါတယ်။ ဟော်မုဇ်ရေလက်ကြား ပါရှန်းပင်လယ်ကွေ့ရှိ ကျဉ်းမြောင်းတဲ့ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

news-view-count-icon

15