ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ဦးနှောက်၊ ဟော်မုန်းများ၊ ကိုယ်ခံအားစနစ်တို့ကြား ဆောင်ရွက်ချက်တွေကို လေ့လာခဲ့ကြရာမှာ စိတ်ခံစားမှုကောင်းမွန်တဲ့ ဘဝတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ အတော်လေး ဆက်စပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။နွေးထွေးကြင်နာမှု၊ ချစ်ခြင်းမေတ္တာတွေက စိတ်အခြေအနေ တိုးတက်စေရုံမက ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ အက်စတာဝှိုက်ဖီးလ်မှ စိတ်ရောဂါအထူးကု မစ္စတာ ဂျီရီပရာဆက်က ပြောပါတယ်။
ထောက်ပံ့အားပေးမှုတွေရတဲ့ မေတ္တာရေးတွေဟာ ဖိစီးမှုနဲ့ ရောင်ရမ်းခြင်းတို့ကို လျှော့ချနိုင်ပြီး ကာကွယ်ဆေးတွေ ကုသထိန်းသိမ်းမှုတွေ နေရာမှာတော့ အစားမထိုးသင့်ပါဘူး။



