ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၂၄၀ ခန့် ဆုံးရှုံးခဲ့ရသည့် ပျဉ်းမနားမြို့၊ အာဟာရသုခဈေးတွင် ဈေးသူ၊ ဈေးသားများအတွက် ယာယီဈေးဆိုင်ခန်းများဖြင့် ပြန်လည်ရောင်းချခွင့်ပြုနေပြီဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ယာယီဆိုင်ခန်းများ ရောင်းချနေမှုနှင့် မီးလောင်ပျက်စီးခဲ့သည့် နေရာများအား ဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုင်ခန်းများ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေး၊ မီးဘေးအန္တရာယ် ထပ်မံမဖြစ်ပွားစေရန် အသိပညာပေးရေးနှင့် ဈေးအတွင်း သန့်ရှင်းသာယာရေးတို့ကို စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Mar 03 • 5:53 AM
Myanmar
Naypyidaw
Share
| 18 | 0 | 0 | 0 |


