ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင်တွင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် နေပြည်တော်မှ မြန်မာအလုပ်သမားတစ်ဦးသည် မတ်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းအစိုးရထီ ပထမဆု ဘတ် (၆) သန်းကို ဆွတ်ခူးရရှိခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည်မှာ (၆) လခန့်သာ ရှိသေးသူဖြစ်ပြီး၊ MHAC မဟာမိတ်အဖွဲ့၏ ကူညီဆောင်ရွက်ပေးမှုဖြင့် မတ်လ ၂ ရက်နေ့တွင် ဆုငွေများကို နေ့ချင်းပြီး ထုတ်ယူရရှိခဲ့သည်။ ကံထူးရှင် မြန်မာလုပ်သားသည် ၎င်းအား ကူညီပေးခဲ့သည့် MHAC အဖွဲ့ ရပ်တည်နိုင်ရေးအတွက် ဘတ်တစ်သိန်း ပြန်လည်လှူဒါန်းခဲ့ကြောင်းနှင့် ၎င်းသည် အဆိုပါအဖွဲ့မှ ဆုငွေထုတ်ပေးခဲ့သည့် ၆၃ ဦးမြောက် ကံထူးရှင်ဖြစ်ကြောင်း သိရသည်။
| 16 | 0 | 0 | 0 |


