ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့၍ ထိန်းသိမ်းနိုင်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား(၁)ဦးကို ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။သက်ဆိုင်ရာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက ၎င်း၏ကိုယ်ရေးအချက်အလက်မှတ်တမ်းတိုက်ဆိုင်စစ်ဆေးခြင်းများကိုပြုလုပ်ခဲ့ကြပြီးနောက် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုကိုရှေးရှု၍ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



