back

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း AFF Futsal Championship 2026 ပြိုင်ပွဲ၏ အုပ်စု(က)တွင်ကျရောက်

Mar 03 • 2:36 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း AFF Futsal Championship 2026 ပြိုင်ပွဲ၏ အုပ်စု(က)တွင်ကျရောက်

ထိုင်းနိုင်ငံတွင်ကျင်းပမည့် AFF Futsal Championship 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်စု(က) တွင်ကျရောက်ခဲ့ရာ ထိုင်း၊ ...

ထိုင်းနိုင်ငံတွင်ကျင်းပမည့် AFF Futsal Championship 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်စု(က) တွင်ကျရောက်ခဲ့ရာ ထိုင်း၊ ဗီယက်နမ်၊ အရှေ့တီမော အသင်းတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။အဆိုပါ ပြိုင်ပွဲ၏ အုပ်စုမဲခွဲမှုကို မတ် ၁ ရက်ကကျင်းပခဲ့ခြင်းဖြစ်ပြီး အုပ်စု(က)တွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အရှေ့တီမော၊ အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ ဩစတြေးလျ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတို့ပါ ဝင်ခဲ့သည်။ပြိုင်ပွဲအား ဧပြီ ၅ ရက်မှ ဧပြီ ၁၁ ရက် အထိကျင်းပသွားမည်ဖြစ်ကာ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် မတ် ၁၃ ရက်မှစတင်၍ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်သွားမည်ဖြစ်သည်။

news-view-count-icon

20