ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဟာ အီရန်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲတွေကို မက္ကဆီကိုနိုင်ငံမှာ ပြောင်းလဲယှဉ်ပြိုင်စေဖို့ စဉ်းစားနေကြောင်း သိရပါတယ်။၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အီရန်အသင်းက ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်တို့နဲ့အတူ အုပ်စု(G)မှာ ကျရောက်နေပါတယ်။ရေးဆွဲထားတဲ့ ပွဲစဉ်ဇယားအရ အီရန်အသင်းရဲ့ ပွဲစဉ်(၃)ပွဲစလုံး အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လက်ရှိအချိန်မှာ အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာကြောင့် အီရန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲက နုတ်ထွက်ဖွယ်ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မက်ဒီတက်ချ်ကတော့ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခြင်းပြု၊ မပြု မသိရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။ဖီဖာကတော့ အီရန်အသင်း ပြိုင်ပွဲက နုတ်ထွက်တဲ့အခြေအနေ ဖြစ်မလာစေဘဲ အသင်းနဲ့ ပရိသတ်တွေရဲ့ လုံခြုံရေးအတွက် မက္ကဆီကိုနိုင်ငံမှာ ပြောင်းလဲယှဉ်ပြိုင်စေဖို့ စဉ်းစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။



