back

ထားဝယ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်လွတ်

Mar 03 • 1:15 AM

breaking-news

Myanmar

Tanintharyi

cover

ထားဝယ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်လွတ်

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသူ တစ်ရာရှစ်ဦးခန့် ယမန်နေ့ (မတ် ၂) လွတ်မြောက်လာကြောင်း ကာယကံရှင်များနှင့် မိသားစုများထံမှ သိရသည်။"နိုင်ငံရေးအမှ...

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသူ တစ်ရာရှစ်ဦးခန့် ယမန်နေ့ (မတ် ၂) လွတ်မြောက်လာကြောင်း ကာယကံရှင်များနှင့် မိသားစုများထံမှ သိရသည်။"နိုင်ငံရေးအမှုများတယ်။ အမျိုးသမီး နှစ်ဆယ့်ခြောက်ယောက်မှာ နှစ်ယောက်ပဲ အခြားအမှုပါတယ်။ ကျန်တာအကုန် နိုင်ငံရေးအမှုတွေချည်းပဲ" ဟု လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။နံနက် ဆယ့်တစ်နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ငါးနာရီဝန်းကျင်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ခွဲ လွှတ်ပေးခြင်းဖြစ်သည်။ထောင်မှလွှတ်ပေးပြီးနောက် ကားများဖြင့် ထားဝယ်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကာ ခံဝန်ထိုးခိုင်းပြီးမှ သွားခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

8