Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-15)ပွဲကျန်ပွဲစဉ်ဖြစ်သည့် ရခိုင်ယူနိုက်တက် ၀-၆ ရှမ်းယူနိုက်တက်ပွဲစဉ်၏ AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်းခေါင်းဆောင် နန္ဒကျော်မှ ရရှိခဲ့သည်။ အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ်သုံးသိန်းရရှိခဲ့ပြီး ဆုတံဆိပ်နှင့်ဆုငွေကျပ်တို့ကို အာရှလက်ရွေးစင်၊ ရွှေခေတ်မြန်မာ့လက်ရွေးစင်ဟောင်း ဦးတင်အောင်(ဂိုး) က ချီးမြှင့်ပေးခဲ့သည်။



