back

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျူတာအခြေခံနှင့် အင်္ဂလိပ်စာ 4 Skills သင်တန်းများ အခမဲ့ ဖွင့်လှစ်မည်

Mar 02 • 2:48 PM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျူတာအခြေခံနှင့် အင်္ဂလိပ်စာ 4 Skills သင်တန်းများ အခမဲ့ ဖွင့်လှစ်မည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကွန်ပျူတာအခြေခံသင်တန်းနှင့် အင်္ဂလိပ်စာ 4 Skills သင်တန်းများကို မတ်လ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကွန်ပျူတာအခြေခံသင်တန်းနှင့် အင်္ဂလိပ်စာ 4 Skills သင်တန်းများကို မတ်လ ၅ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ တစ်လကြာ အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါသင်တန်းများတွင် အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး တက်ရောက်နိုင်ကာ ပြင်ပမှ ကျွမ်းကျင်ပညာရှင် ဆရာ၊ ဆရာမများကိုယ်တိုင် သင်ကြားပို့ချပေးမည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် လူထုအခြေပြုဗဟိုဌာနသို့ လူကိုယ်တိုင်လာရောက်၍ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။အလားတူ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၈) ရက်နှင့် မတ်လ (၁) ရက်နေ့တို့တွင်လည်း ပန်းအလှပြင်သင်တန်းကို သင်တန်းသား (၆) ဦးဖြင့် (၂) ရက်ကြာ အခမဲ့ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။




news-view-count-icon

13