တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အစိုးရနှင့် မြေအောက်ရထားအာဏာပိုင်များက မြေအောက်ရထားစီးနင်းသူများအနေဖြင့် ရထားဘူတာမှ ထွက်ခွာသည့်အခါ လက်မှတ်ဖြတ်စက်တွင် ကတ်ကို စနစ်တကျ ပြန်လည်မဖြတ်ပါက (Fail to tap out) သတ်မှတ်ထားသော ခရီးစဉ်အကွာအဝေး၏ အမြင့်ဆုံးနှုန်းထားအတိုင်း ဒဏ်ကြေးပေးဆောင်ရမည့် စနစ်သစ်ကို တနင်္ဂနွေနေ့ (မတ်လ ၁ ရက်၊ ၂၀၂၆) မှစတင်၍ တင်းကျပ်စွာ ကျင့်သုံးတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ယခင်က ကတ်ဖြတ်ရန် မေ့လျော့ခြင်း သို့မဟုတ် အမှားအယွင်းဖြစ်ခြင်းများအတွက် လိုက်လျောမှုအချို့ ရှိခဲ့သော်လည်း၊ ယခုအခါ ဘတ်စ်ကားနှင့် ရထား ကူးပြောင်းစီးနင်းမှု (Transfer) ဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးမည့်အပြင်၊ အပိုဆောင်းကုန်ကျစရိတ်များကိုပါ အလိုအလျောက် ဖြတ်တောက်သွားမည်ဖြစ်ရာ ခရီးသွားပြည်သူများအနေဖြင့် ဘူတာအဝင်အထွက်တိုင်းတွင် ကတ်ကို သေချာစွာ ဖြတ်ကြရန် အသိပေးထားကြောင်း သိရသည်။



