ဂျပန်နိုင်ငံ၊ အိုဆာကာစီရင်စု၊ ဟီဂါရှိအိုဆာကာ (Higashiosaka) မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း အသက် ၈၀ အရွယ် မိဘနှစ်ပါးကို သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့သူ အသက် ၅၀ အရွယ် အမျိုးသားဖြစ်သူ Kenji Matsuda ကို စနေနေ့ တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မတ်လ ၁ ရက်နေ့ထုတ် Japan Times သတင်းတွင် ဖော်ပြထားပါသည်။ သောကြာနေ့ညနေပိုင်းက "ကျွန်တော် မိဘတွေကို သတ်လိုက်ပြီ" ဟု ရဲစခန်းသို့ အရေးပေါ်ဖုန်းဆက် အကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ တိုက်ခန်းအတွင်း၌ သတိလစ်နေသော သက်ကြီးစုံတွဲကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကာ၊ ဖမ်းဆီးခံရသူက ၎င်းသည် မိခင်ဖြစ်သူကို ဦးစွာ လည်ပင်းညှစ်သတ်ခဲ့ပြီးနောက် ဖခင်ဖြစ်သူကိုပါ သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားသည့်အတွက် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Mar 02 • 5:06 AM
Japan
Local News
Share
| 5 | 0 | 0 | 0 |


