(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ 2026 Seed Fair (မျိုးစေ့ပြပွဲ ၂၀၂၆)ပြပွဲကြီး ကိုဒီကနေ မတ်လ(၁)ရက်ကနေစတင်ပြီး (၃)ရက်ကြာ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းဝန်းအတွင်းမှာကျင်းပပြုလုပ်ပါတယ်။အဲဒီ မျိုးစေ့ပြပွဲကြီးရဲ့ ဖွင့်ပွဲအခမ်းအနားကိုလည်း မတ်လ(၁)ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်တို့တက်ရောက်ကာ ဖဲကြိုးဖြတ်ပြီး မျိုးစေ့အမျိုးပေါင်း(၂၀)၊ မျိုးစေ့ပေါင်း (၅၀,၀၀၀) ပူးတွဲချည်နှေင်ထားတဲ့ မိုးပျံပူပေါင်းတွေလွှတ်တင် ကာအခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပါတယ်။



