back

YBS ယာဉ်ကြမ်းခင်းအပေါက်မှ ပြုတ်ကျသေဆုံးကလေးအတွက် နစ်နာကြေးပေးအပ်

Mar 01 • 12:51 PM

breaking-news

Myanmar

Yangon

cover

YBS ယာဉ်ကြမ်းခင်းအပေါက်မှ ပြုတ်ကျသေဆုံးကလေးအတွက် နစ်နာကြေးပေးအပ်

YBS ယာဉ်ကြမ်းခင်းအပေါက်မှပြုတ်ကျသေဆုံးခဲ့သည့် ကလေးအတွက် နစ်နာကြေးပေးအပ်ခဲ့ကြောင်း YRTC တွဲဖက်အတွင်းရေးမှူးကပြောသည်။အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၃ ရက်...

YBS ယာဉ်ကြမ်းခင်းအပေါက်မှပြုတ်ကျသေဆုံးခဲ့သည့် ကလေးအတွက် နစ်နာကြေးပေးအပ်ခဲ့ကြောင်း YRTC တွဲဖက်အတွင်းရေးမှူးကပြောသည်။အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေ ၅ နာရီတွင် ဆူးလေမှဒလသို့အပြန် ဒလတိုး ဂိတ်မှအထွက် Slow Down အားဖြတ်မောင်းစဉ် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် အသက်(၅) နှစ် အရွယ် မောင်ပိုင်သူရထွန်းသက်သည် ယာဉ်၏ဘယ်ဘက်ခြမ်း လေးခုံမြောက်နေရာရှိ ယာဉ်ကြမ်းခင်း ပေါက်မှကျွံကျ၍ ဦးခေါင်းနောက်(ဝဲဘက်ခြမ်း) ပွင့်ထွက်၍ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည်ထိုကဲ့သို့ယာဉ်ကြံ့ခိုင်မှုမရှိသည့် YBS ယာဉ်များကို လုံးဝပြေးဆွဲခွင့်မပြုရန် အသိပေးချက်ထုတ်ပြန်ထား ပြီး YBS ယာဉ်လိုင်းများမှ ယာဉ်တစ်စီးချင်းအလိုက် ယာဉ်အမှတ်များဖော်ပြပြီး ယာဉ်များကြမ်းခင်း ပေါက်ပြဲမှုမရှိကြောင်းကို တာဝန်ယူအာမခံကြောင်း ကုမ္ပဏီဥက္ကဋ္ဌကိုယ်တိုင်လက်မှတ်ရေးထိုး၍ ယခုမတ်လ ၆ ရက်တွင် YRTC ၏စည်းကမ်းထိန်းသိမ်းရေးနှင့်စစ်ဆေးရေးဌာနသို့ ပြန်လည်တင်ပြရန် အကြောင်းကြားထားကြောင်း သိရပါသည်။


news-view-count-icon

13