back

အရှေ့အလယ်ပိုင်း လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရတဲ့အတွက် ခရီးသည်တွေကို ကူညီဖို့ သုဝဏ္ဏဘူမိ လေဆိပ်က ဝန်ထမ်းတွေ ချထားပေး

Mar 01 • 6:30 AM

breaking-news

Thailand

Local News

cover

အရှေ့အလယ်ပိုင်း လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရတဲ့အတွက် ခရီးသည်တွေကို ကူညီဖို့ သုဝဏ္ဏဘူမိ လေဆိပ်က ဝန်ထမ်းတွေ ချထားပေး

အစ္စရေးနဲ့ အီရန် ပဋိပက္ခတွေကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတဲ့အတွက် ခရီးသည်တွေကို ကူညီဖို့ ထိုင်းလေဆိပ်များအာဏာပိုင်အဖွဲ့ (AOT) က သုဝဏ္ဏဘူမိလေဆိပ်မှာ...

အစ္စရေးနဲ့ အီရန် ပဋိပက္ခတွေကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတဲ့အတွက် ခရီးသည်တွေကို ကူညီဖို့ ထိုင်းလေဆိပ်များအာဏာပိုင်အဖွဲ့ (AOT) က သုဝဏ္ဏဘူမိလေဆိပ်မှာ ဝန်ထမ်းတွေ တိုးချဲ့ ချထားပေးပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်းကစပြီး EL AL၊ Emirates နဲ့ Qatar Airways အပါအဝင် လေကြောင်းလိုင်း ၈ ခုက ခရီးစဉ်တွေ စတင် ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။မတ်လ ၁ ရက်နေ့ မနက်ပိုင်း စာရင်းတွေအရ နောက်ထပ် လေကြောင်းလိုင်းတစ်ခု ထပ်တိုးလာပြီး အဝင် ၁၆ ကြိမ်နဲ့ အထွက် ၁၆ ကြိမ်၊ စုစုပေါင်း ခရီးစဉ် ၃၂ ခုအထိ ဖျက်သိမ်းခဲ့ရပါတယ်။ အဲဒီလို ဖျက်သိမ်းရတဲ့အတွက် ခရီးသည်တွေ အဆင်ပြေစေဖို့ လေဆိပ်ဘက်က အရေးပေါ် အစီအစဉ်တွေ ချမှတ်ပြီး ကူညီဆောင်ရွက်ပေးနေပါတယ်။လေဆိပ်အတွင်းမှာ သတင်းအချက်အလက် ပေးမယ့် နေရာတွေ၊ သောက်ရေတွေ စီစဉ်ပေးထားသလို ဆိုက်ရောက်ဆောင် အထပ် ၂ တံခါးအမှတ် ၁ နဲ့ ၁၀ နားမှာလည်း ခရီးသည်တွေ နားနေဖို့ နေရာတွေ ထပ်မံ တိုးချဲ့ပေးထားပါတယ်။ လက်ရှိမှာတော့ လေကြောင်းလိုင်းတွေက ဖျက်သိမ်းခံရတဲ့ ခရီးသည်တွေအတွက် လိုအပ်တဲ့ နေထိုင်စရာတွေ စီစဉ်ပေးထားတဲ့အတွက် လေဆိပ်မှာ သောင်တင်နေတဲ့သူ မရှိသေးပါဘူး။အရှေ့အလယ်ပိုင်း ဒါမှမဟုတ် အဲဒီအနီးနား နိုင်ငံတွေကို သွားမယ့် ခရီးသည်တွေ အနေနဲ့ မိမိတို့ရဲ့ လေကြောင်းခရီးစဉ် အခြေအနေတွေကို လေကြောင်းလိုင်းတွေရဲ့ ဝက်ဘ်ဆိုက်၊ အက်ပ်လီကေးရှင်း၊ လေဆိပ်ကောင်တာတွေနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး အနီးကပ် စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။ ပိုမို သိရှိလိုတာတွေ ရှိရင်လည်း AOT ရဲ့ အချိန်ပြည့် ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ် 1722 ကို ခေါ်ဆို မေးမြန်းနိုင်ပါတယ်။



news-view-count-icon

31