ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ(၁)ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ (၇၃)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲမှာ ဆုမဲပေါင်း(၃၆၃၈၅)ဆုကို လက်ရှိအချိန်အထိ တောင်းခံတာမျိုးမရှိသေးဘဲ မတ်လ(၃၁)ရက်အထိ လာရောက်တင်ပြတာမရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာဖြစ်တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက မတ်လ(၁)ရက်မှာ နိုင်ငံပိုင်သတင်းစာတွေကနေ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ(၁)ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ (၇၃)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်း ဆုဖွင့်ပွဲမှာ ဆုမဲပေါင်း(၂၁၉,၁၂၁)ဆုကိုခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ(၃၆,၃၈၅)ဆုကို လက်ရှိအချိန်အထိ တောင်းခံတာ မရှိသေးကြောင်းတွေ့ရှိရတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလ(၁)ရက်ကနေ တစ်နှစ်နီးပါးအကြာ လက်ရှိအချိန်အထိ ဆုမဲပေါင်း(၃၆,၃၈၅)ဆုကို လာရောက် တောင်းခံတာမရှိသေးဘူးလို့ ကြေညာချက်အရသိရပါတယ်။အဲဒီ လာရောက်တင်ပြတာမရှိသေးတဲ့ ဆုမဲတွေကို မတ်လ(၃၁)ရက်နေ့အထိ လာရောက်တင်ပြတာမရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာ ဖြစ်တယ်လို့အသိပေးကြေညာထားတာပါ။
အဲဒီ လာရောက်တင်ပြတောင်းခံတာမရှိသေးတဲ့ ဆုမဲတွေထဲမှာ ကျပ်သိန်း (၂၀၀)ဆု(၃)ဆု၊ ကျပ်သိန်း(၁၀၀)ဆု (၁) ဆု၊ ကျပ်သိန်း(၅၀)ဆု(၂) ဆု၊ ကျပ်သိန်း(၂ဝ)ဆု (၆)ဆု၊ ကျပ် (၁၀) သိန်းဆု(၄) ဆု၊ကျပ် ၃ သိန်း (၇)ဆု ၊ ကျပ် ၂ သိန်း (၂၃၁)ဆု၊ ကျပ် ၁ သိန်း (၁၁၃၂) ဆု ၊ ကျပ် ၅ သောင်း ဆု (၁၁၂၉) ဆုနဲ့ ကျပ် ၁ သောင်း ဆု (၃၃,၈၇၀) ဆုတွေပါဝင်တယ်လို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ဆုရလက်မှတ်တွေကိုတော့ မတ်လ(၃၁) ရက်နေ့အထိ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆု ဌာနခွဲရုံးတွေကို တင်ပြပြီး ဆုငွေတွေကိုတောင်းခံနိုင်ကြောင်း (၇၃)ကြိမ်မြောက် ကျပ် ၁ဝဝဝ တန် အောင်ဘာလေ သိန်းထီပေါက်စဉ်နဲ့တကွ အသိပေးကြေညာထားပါတယ်။



