မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ဘဲရမ်းဆီအုန်းခြံမြေ၏ ၁၀ ဒသမ ၃၅ ဧက အကျယ်အဝန်းပေါ်တွင် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်သွားရန် စီစဉ်နေကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ အဆိုပါစီမံကိန်းအတွက် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာ (EOI) ကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၉ ရက်နေ့အထိ မော်လမြိုင်မြို့ရှိ စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဝယ်ယူနိုင်ပြီး မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။ စီမံကိန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လျှို့ဝှက်ထားရန် သဘောတူညီချက် လက်မှတ်ရေးထိုးရမည်ဖြစ်ကာ အသေးစိတ်ကို စည်ပင်ရုံးတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
| 18 | 0 | 0 | 0 |


