ငလျင်ကြောင့် ပျက်စီးမှုများရှိခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်အပိုင်း) ရှိ လမ်းနှင့် တံတားများ ပြန်လည်ပြုပြင်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၇ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြုပြင်ရေးလုပ်ငန်းများတွင် မိုင်တိုင် ၁၆၅ အနီးရှိ ဆွာချောင်းတံတား ပြန်လည်တည်ဆောက်ခြင်း၊ မိုင်တိုင် ၁၈၆ နှင့် ၁၈၇ အကြား ကတ္တရာကွန်ကရစ်ခင်းခြင်းနှင့် မိုင်တိုင် ၁၄၅ ရှိ ခပေါင်းတံတား ချဉ်းကပ်လမ်းတွင် Cement Grout မှုတ်သွင်းခြင်း လုပ်ငန်းများ ပါဝင်ပြီး လက်ရှိတွင် ၁၁၅ မိုင် (ဖြူး) တိုးလ်ဂိတ်၌ ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ငလျင်ကြောင့် ပျက်စီးသွားသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ လမ်းနှင့် တံတားများကို ပြန်လည်ပြုပြင်နေ
Mar 01 • 3:45 AM
Myanmar
Mandalay
Share
| 14 | 0 | 0 | 0 |


