ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးက စတင်တိုက်ခိုက်ပြီးနောက် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နုတ်ထွက်မယ်လို့ အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ခြိမ်းခြောက်ခဲ့ပါတယ်။အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Mehdi Taj က အီရန်ရုပ်သံတစ်ခုထံ ပြောကြားတာကို စပိန်သတင်းစာ Marca က ပြန်လည်ဖော်ပြခဲ့တာပါ။Mehdi Taj က ''ယနေ့ဖြစ်ပျက်တာတွေ၊ အမေရိကန်က တိုက်ခိုက်ခဲ့တာတွေကြောင့် ကျွန်တော်တို့ ဖလားပွဲသွားဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီအရာ အားကစားတာဝန်ရှိသူတွေ ဆုံးဖြတ်ကြပါလိမ့်မယ်''လို့ ပြောခဲ့ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲက နုတ်ထွက်မယ်ဆိုတဲ့သတင်းတွေဟာ အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးကြောင်း အတည်ပြုချက် မထုတ်ပြန်ခင်ကတည်းက ပေါ်ထွက်နေတာပါ။အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု G မှာ ဘယ်လ်ဂျီယံ၊ နယူးဇီလန်၊ အီဂျစ်အသင်းတွေနဲ့ အတူ ကျရောက်နေတာဖြစ်တယ်။



