ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းတွင် ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က အဆိုပါကျောင်းရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ယင်းနောက် ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်းတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်းတွင် တတိယဆုရရှိသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်း၌ ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာအပ်နှင်းပွဲအခမ်းအနား ကျင်းပ
Mar 01 • 3:05 AM
Myanmar
Yangon
Share
| 16 | 0 | 0 | 0 |


