back

ထိုင်းတွင် မြန်မာလုပ်သားများ လုပ်ကိုင်နိုင်သည့် အလုပ်နှင့် လုပ်ခွင့် မရှိသောအလုပ်များ ထုတ်ပြန်

Mar 01 • 3:03 AM

breaking-news

Thailand

Local News

cover

ထိုင်းတွင် မြန်မာလုပ်သားများ လုပ်ကိုင်နိုင်သည့် အလုပ်နှင့် လုပ်ခွင့် မရှိသောအလုပ်များ ထုတ်ပြန်

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ လုပ်ကိုင်နိုင်သည့် အလုပ်နှင့် လုပ်ခွင့်မရှိသည့် အလုပ်များအားဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ထ...

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ လုပ်ကိုင်နိုင်သည့် အလုပ်နှင့် လုပ်ခွင့်မရှိသည့် အလုပ်များအားဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ထိုင်းနိုင်ငံတွင် အုပ်စု (၁) လုံး၀လုပ်ခွင့်မရှိသော အလုပ် ၂၇ မျိုးမှာ ပန်းပုလုပ်ငန်း၊ မော်တော်ယာဉ်မောင်းနှင်ခြင်း (နိုင်ငံတကာလေ ယာဉ်မောင်းနှင်ခြင်းနှင့် Forklift မှလွဲ၍)၊ လေလံပစ်ခြင်း၊ စိန် သို့မဟုတ် ကျောက်မျက်ရတနာများကို ဖြတ်တောက်ခြင်း သို့မဟုတ် သွေးခြင်း၊ ဆံပင်ညှပ်ခြင်း၊ ဆံပင်ပုံဖော်ခြင်းသို့မဟုတ် အလုပ်ပြင်ခြင်း၊ လက်ရက်ကန်းခတ် ခြင်း၊ ဖျာရက်ခြင်း သို့မဟုတ် ခြင်းတောင်းရက်ခြင်း၊ လက်လုပ်ရှမ်းစက္ကူ (Sa Paper) ပြုလုပ်ခြင်း၊ ယွန်းထည်ပြုလုပ်ခြင်း၊ ထိုင်းရိုးရာ ဂီတတူရိယာများပြုလုပ်ခြင်း၊ ရွှေထည်၊ ငွေထည်၊ကြေးထည်များပေါ်တွင် ပန်းခက်၊ ပန်းနွယ်များ ဖော်ခြင်း၊ ရွှေထည်၊ ငွေထည် သို့မဟုတ်ပန်းရောင်ရွှေပစ္စည်းများ ပြုလုပ်ခြင်း၊ ကြေးထည်ပစ္စည်းပြုလုပ်ခြင်း၊ ထိုင်းအရုပ် များပြုလုပ် ခြင်း၊ မွေ့ရာနှင့် စောင် ပြုလုပ်ခြင်း၊ သပိတ်သွန်းလုပ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။ထို့ပြင် လက်လုပ်ပိုးထည်ပစ္စည်းများပြုလုပ်ခြင်း၊ ဆင်းတုတော်များ သွန်းလုပ်ခြင်း၊စက္ကူ သို့မဟုတ် အထည်ဖြင့် ထီးပြုလုပ်ခြင်း၊အကျိုးဆောင်၊ ပွဲစား (နိုင်ငံတကာ ကုန်သွယ် မှုဆိုင်ရာပွဲစားလုပ်ငန်းမှလွဲ၍) ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဧည့်လမ်းညွှန်၊ လမ်းဘေး ဈေးရောင်းခြင်း၊ ထိုင်းအက္ခရာများကို လက်ဖြင့် စာစီခြင်း၊ ပိုးချည်ငင်ခြင်း(လက်ဖြင့်)၊ အတွင်းရေးမှူး သို့မဟုတ် စာရေးအလုပ်၊ဥပဒေရေးရာဝန်ဆောင်မှု (ရှေ့နေ) တို့ ဖြစ်ကြောင်း သိရသည်။အုပ်စု (၂) နိုင်ငံတကာ သဘောတူညီချက်များအရ လုပ်နိုင်သော အလုပ် သုံးမျိုးမှာ စာရင်းကိုင်ပညာရှင်၊ အင်ဂျင်နီယာပညာရှင်၊ဗိသုကာပညာရှင်၊ အုပ်စု (၃) အလုပ်ရှင်ရှိမှသာ လုပ်ကိုင်ခွင့်ရှိသော ကျွမ်းကျင်အလုပ်ရှစ်မျိုးမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်း၊ အုတ်စီခြင်း၊ လက်သမားသို့မဟုတ် အခြားဆောက်လုပ်ရေးလုပ်ငန်းများ၊ အိုးလုပ်ခြင်း၊ ဓားပြုလုပ်ခြင်း၊ ဖိနပ်ချုပ်ခြင်း၊ ဦးထုပ်ပြုလုပ်ခြင်း၊ အထည်ချုပ်ခြင်း၊ ပန်းပုထုခြင်း သို့မဟုတ် မြေထည်ပစ္စည်းလုပ်ခြင်း၊ အုပ်စု (၄) MOU လုပ်သားများအတွက် ခွင့်ပြုထားသော အလုပ်နှစ်မျိုးမှာ အထွေထွေအလုပ်သမား၊ ဆိုင်ရှေ့ အရောင်း စာရေး (အလုပ်ရှင်သည် ထိုင်းလူမျိုး ဖြစ်ရမည်ဖြစ်ပြီးမိမိကိုယ်တိုင် ဆိုင် ဖွင့်ခွင့် မရှိပါ) တို့ဖြစ်ကြောင်းထုတ် ပြန်ထားသည်။

news-view-count-icon

17