back

ပါတီအရာရှိများကို စနိုက်ပါများ ကင်ဂျုံအန် လက်ဆောင်ပေး

Mar 01 • 3:01 AM

breaking-news

South Korea

Local News

cover

ပါတီအရာရှိများကို စနိုက်ပါများ ကင်ဂျုံအန် လက်ဆောင်ပေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် (၉) ကြိမ်မြောက် ပါတီညီလာခံအထိမ်းအမှတ်အဖြစ် ပါတီနှင့် စစ်ဘက်အရာရှိကြီးများအား မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီထုတ်...

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် (၉) ကြိမ်မြောက် ပါတီညီလာခံအထိမ်းအမှတ်အဖြစ် ပါတီနှင့် စစ်ဘက်အရာရှိကြီးများအား မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီထုတ် မျိုးဆက်သစ် စနိုက်ပါရိုင်ဖယ်များကို အခမ်းအနားဖြင့် လက်ဆောင်ပေးအပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ ရိုင်ဖယ်လက်ခံရရှိသူများထဲတွင် ညီမဖြစ်သူ ကင်ယိုဂျုံလည်း ပါဝင်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကင်ဂျုံအန်၏ သမီးဖြစ်သူ ကင်ဂျူအေးမှာလည်း သေနတ်ပစ်ကွင်း၌ ရိုင်ဖယ်ကို ကိုင်တွယ်ချိန်ရွယ်နေသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ လက်ရှိတွင် အသက် ၁၃ နှစ်ခန့်ရှိပြီဖြစ်သည့် ကင်ဂျူအေးအား နိုင်ငံတော်အခမ်းအနားများနှင့် လက်နက်စီမံကိန်းများတွင် ဖခင်ဖြစ်သူနှင့်အတူ မကြာခဏတွေ့မြင်လာရသဖြင့် ၎င်းကို စတုတ္ထမျိုးဆက်ခေါင်းဆောင်အဖြစ် ပုံသွင်းနေခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။

news-view-count-icon

8