back

ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်ပြန်

Mar 01 • 2:56 AM

breaking-news

Myanmar

Local

cover

ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်ပြန်

အီရန်နိုင်ငံအား အစ္စရေးနှင့် အမေရိကန်တို့က စတင်တိုက်ခိုက်နေပြီဆိုသည့် သတင်းများကြောင့် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ဒေါ်လာ ၅၂၈၀ ဝန်းကျင်သို့ ရောက်ရှိလာပြီး ပ...

အီရန်နိုင်ငံအား အစ္စရေးနှင့် အမေရိကန်တို့က စတင်တိုက်ခိုက်နေပြီဆိုသည့် သတင်းများကြောင့် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ဒေါ်လာ ၅၂၈၀ ဝန်းကျင်သို့ ရောက်ရှိလာပြီး ပြည်တွင်းရွှေဈေးသည်လည်း ဖေဖော်ဝါရီ ၂၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်သွားကြောင်း သိရသည်။ နိုင်ငံတကာ စစ်ရေးပဋိပက္ခများကြောင့် ရွှေနှင့် ရေနံဈေးများ ဆက်လက်မြင့်တက်နိုင်ပြီး စတော့ရှယ်ယာနှင့် Crypto ဈေးကွက်များ ကျဆင်းလာနိုင်ကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်ထားကြသည်။ ပြည်တွင်းရွှေဈေးသည် တစ်ရက်အတွင်း ကျပ်သုံးသိန်းကျော် မြင့်တက်လာခြင်းဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ဖွင့်မည့် တနင်္လာနေ့တွင် ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ခြေရှိကြောင်း ရွှေလုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

news-view-count-icon

23