back

(၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကို ပင်လုံမြို့တွင် ခမ်းနားစွာ ကျင်းပ

Mar 01 • 2:37 AM

breaking-news

Myanmar

Shan

cover

(၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကို ပင်လုံမြို့တွင် ခမ်းနားစွာ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့ မှာ (၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ကို ယနေ့ တပေါင်းလဆန်း (၁၃)ရက် စနေနေ့ ည (၇းဝဝ)နာရီအချိန်တွင...

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့ မှာ (၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ကို ယနေ့ တပေါင်းလဆန်း (၁၃)ရက် စနေနေ့ ည (၇းဝဝ)နာရီအချိန်တွင် အခမ်းအနား ဖွင့်ပွဲ ခမ်းနားစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ စင်ꩻဖါခွန်မောင်လှ နှင့် စင်ꩻဖါခွန်လှသိန်း အဖွဲ့ဝင်များ၊ ကျေးလက်လူငယ်ပြုစု ပျိုးထောင်ရေးကျောင်း ဥက္ကဌ စင်ꩻဖါခွန်အိုး |ဒေသခံမိဘပြည်သူများ၊ ပအိုဝ်းရိုးယာ ယဉ်ကျေးမှုအကအဖွဲ့များ နေရာယူခဲ့ကြပြီး ပအိုဝ်းစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ စင်ꩻဖါခွန်မောင်လှ၊ ကျေးလက်ပြုစုပျိုးထောင်ရေးကျောင်း ဥက္ကဌ စင်ꩻဖါခွန်အိုး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်အလံ ၊ အမျိုးသားအလံ အလေးပြုပြီး ပအိုဝ်ႏစွိုႏခွိုꩻ သီချင်း ကိုသံပြိုင်ညီစွာ ရွတ်ဆိုခဲ့ကြပါသည်။ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ စင်ꩻဖါခွန်လှသိန်း က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပအိုဝ်ႏသွီႏ သီချင်းနှင့် ခမ်းရင်ꩻသား သီချင်းများဖြင့် အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

28