back

အီရန်ရဲ့ ဒုံးကျည်ဟာ ဒူဘိုင်း လေဆိပ်ကို ထိမှန်ပြီး လူ ၄ ဦး ဒဏ်ရာရ

Mar 01 • 12:32 AM

breaking-news

Myanmar

International

cover

အီရန်ရဲ့ ဒုံးကျည်ဟာ ဒူဘိုင်း လေဆိပ်ကို ထိမှန်ပြီး လူ ၄ ဦး ဒဏ်ရာရ

အီရန်ရဲ့ ဒုံးကျည်နဲ့ တို-က်ခို-က်မှုတွေကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ထိခိုက်မှု အနည်းငယ် ရှိခဲ့ပြီး လေဆိပ် ဝန်ထမ်း ၄ ဦး ဒဏ်ရ...

အီရန်ရဲ့ ဒုံးကျည်နဲ့ တို-က်ခို-က်မှုတွေကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ထိခိုက်မှု အနည်းငယ် ရှိခဲ့ပြီး လေဆိပ် ဝန်ထမ်း ၄ ဦး ဒဏ်ရာရရှိသွားပါတယ်။ လေဆိပ်မှာ အရေးပေါ် တုံ့ပြန်ရေး အဖွဲ့တွေကို ချက်ချင်း ချထားပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဖြေရှင်းနေတယ်လို့ ဒူဘိုင်း မီဒီယာရုံးက အတည်ပြု ပြောဆိုထားပါတယ်။လေကြောင်း သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဒူဘိုင်းလေဆိပ် အပြင် အဘူဒါဘီ အပြည်ပြည်ဆိုင်ရာ လေဆိပ်လည်း ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ထိခိုက်မှုတွေဟာ ဒုံးကျည် တိုက်ရိုက်ထိမှန်တာလား၊ ဒါမှမဟုတ် ဒုံးကျည် ပစ်ချခံရပြီးနောက် ကျလာတဲ့ အပျက်အစီးတွေကြောင့်လား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တို-က်ခို-က်ပြီးနောက် အီရန်ဘက်က ဒူဘိုင်း၊ အဘူဒါဘီနဲ့ ဒိုဟာ မြို့တွေဆီ ဒုံးကျည်တွေနဲ့ လက်စားချေ ပ-စ်ခ-တ်ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ အယ်လ် မာတမ် (Al Maktoum) အပြည်ပြည်ဆိုင်ရာ လေဆိပ် နှစ်ခုစလုံးက လေကြောင်းခရီးစဉ် အားလုံးကို ရပ်ဆိုင်းထားပါတယ်။ ကြိုတင် စီစဉ်ထားတဲ့ အရေးပေါ် အစီအစဉ်တွေအရ ခရီးသည် အများစုကို လေဆိပ်ထဲကနေ ဖယ်ရှားပေးခဲ့ပြီး ခရီးသည်တွေ အနေနဲ့ လေဆိပ်ကို မလာကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။အခုလို တို-က်ခို-က်မှုတွေကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင်း လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းထားရပြီး ဒူဘိုင်းနဲ့ အဘူဒါဘီ အဝင်အထွက် ခရီးစဉ်တွေလည်း ပါဝင်ပါတယ်။ Emirates နဲ့ flydubai လေကြောင်းလိုင်းတွေက ပြေးဆွဲမှုတွေကို ရပ်တန့်ထားသလို၊ Etihad လေကြောင်းလိုင်းကလည်း တနင်္ဂနွေနေ့ မနက်ပိုင်းအထိ အဘူဒါဘီကနေ ထွက်ခွာမယ့် ခရီးစဉ် အားလုံးကို ရပ်ဆိုင်းထားပါတယ်။

ဒူဘိုင်းက ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော် အဆောက်အဦး ဖြစ်တဲ့ Burj Khalifa အနားက အဆောက်အဦးကိုလည်း အီရန်ရဲ့ ဒုံးကျည် ထိမှန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ Burj Khalifa မှာ ရှိတဲ့ လူတွေကိုလည်း ဘေးလွတ်ရာကို ခေါ်ထုတ်ထားတယ်လို့ သိရပါတယ်။


news-view-count-icon

23