back

မဟာချိုင် စီအိုင်စခန်းတွင် အလုပ်သမားထံက ငွေပိုတောင်းခံနေ

Feb 28 • 2:08 PM

breaking-news

China

Local News

cover

မဟာချိုင် စီအိုင်စခန်းတွင် အလုပ်သမားထံက ငွေပိုတောင်းခံနေ

ထိုင်းနိုင်ငံမှာ၊ စီအိုင်စာအုပ် ပြုလုပ်တာကို ပုံမှန်အတိုင်း 7-11 မှာ ငွေသွင်းပြီး ရက်ချိန်းနဲ့ သွားရောက်လုပ်ကိုင်တာ လက်မခံဘဲ ပွဲစားတွေနဲ့ အပိုကြေးပေးပြီးလုပ်မှ ...

ထိုင်းနိုင်ငံမှာ၊ စီအိုင်စာအုပ် ပြုလုပ်တာကို ပုံမှန်အတိုင်း 7-11 မှာ ငွေသွင်းပြီး ရက်ချိန်းနဲ့ သွားရောက်လုပ်ကိုင်တာ လက်မခံဘဲ ပွဲစားတွေနဲ့ အပိုကြေးပေးပြီးလုပ်မှ စီအိုင် ထုတ်ပေးနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံ၊ စမွတ်စခွန် (မဟာချိုင်) မှာ စီအိုင်စာအုပ် သက်တမ်းလာတိုးတဲ့ အလုပ်သမားတွေ 7-11 မှာ ငွေသွင်းချလံရပြီး၊ စလစ်ရက်ချိန်းအတိုင်း စီအိုင်မလုပ်ပေးဘဲ စင်တာတွေမှာ ချိတ်ဆက်ထားတဲ့ ပွဲစားတွေနဲ့လုပ်မှ ရက်ချိန်းပေးနေတယ်လို့ သိရပါတယ်။ စီအိုင်စာအုပ် အသစ်ပြုလုပ်၊ သက်တမ်းတိုးသူတွေအနေနဲ့ နီးစပ်ရာ 7-11 ဆိုင်တွေမှာ စာအုပ်ဖိုး ၂,၆၇၀ ဘတ်ကို ပေးသွင်းရပြီး၊ ငွေသွင်းချိန်မှာပဲ မိမိသွားလိုတဲ့ စင်တာနဲ့ ရက်စွဲကို ရွေးချယ် လျှောက်ထားရတာဖြစ်ပါတယ်။ လက်တွေ့မှာတော့ စီအိုင်စာအုပ်ပြုလုပ်ခက ပွဲစားတွေနဲ့လုပ်မယ်ဆိုရင် ဘတ် ၆,၅၀၀ ဝန်းကျင်ကနေ ၈,၀၀၀၊ တသောင်းလောက်အထိပေးနေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ 



news-view-count-icon

1