အာရပ်စော်ဘွားများ ပြည်ထောင်စု မြို့တော် အဘူဒါဘီရှိ နေရာတွေကို ပစ်မှတ်ထားတဲ့ အီရန်ဒုံးကျည်တွေကို လေကြောင်းရန်ကာကွယ်ရေးတွေက ကြားဖြတ်ပြီးနောက် လူတစ်ဦးဟာ ပြုတ်ကျလာတဲ့ အပျက်အစီး တွေကြောင့် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် အမ်းမရိတ် သတင်းအေဂျင်စီ WAM သတင်းဌာနက ထုတ်ပြန် ထားပါ တယ်။ အဘူဒါဘီရှိ လူနေဧရိယာ တစ်ခုပေါ်ကို အပျက်အစီးတွေ ကျရောက်ပြီးနောက် အာရှနိုင်ငံသားတစ်ဦး သေဆုံး ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါတိုက်ခိုက်မှုကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး အရပ်သားပစ်မှတ်တွေနဲ့ အမျိုးသားအဆောက်အအုံတွေကို တိုက်ခိုက်ခြင်းက သူရဲဘောကြောင်တဲ့ လုပ် ရပ်ဖြစ်ကာ ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း ပြောကြားခဲ့ပါတယ်။



