back

စစ်ကိုင်းရုပ်စုံကျောင်း ဖွင့်ပေးထားသော်လည်း လေ့လာဝင်ရောက်သည့်ခရီးသွား မရှိသလောက်ဖြစ်နေ

Feb 28 • 7:01 AM

breaking-news

Myanmar

Sagaing

breaking-news
cover

စစ်ကိုင်းရုပ်စုံကျောင်း ဖွင့်ပေးထားသော်လည်း လေ့လာဝင်ရောက်သည့်ခရီးသွား မရှိသလောက်ဖြစ်နေ

စစ်ကိုင်းရုပ်စုံကျောင်းကို ခရီးသွားများလာရောက်လေ့လာနိုင်ရန်အတွက် ဖွင့်လှစ်ပေးထားသော်လည်း လတ်တလောတွင် လာရောက်သည့်ခရီးသွား မရှိသလောက်အခြေအနေမျိုးဖြစ်နေကြောင်း ဒေသ...

စစ်ကိုင်းရုပ်စုံကျောင်းကို ခရီးသွားများလာရောက်လေ့လာနိုင်ရန်အတွက် ဖွင့်လှစ်ပေးထားသော်လည်း လတ်တလောတွင် လာရောက်သည့်ခရီးသွား မရှိသလောက်အခြေအနေမျိုးဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါကျောင်းမှာ လွန်ခဲ့သောနှစ်ပေါင်း(၆၀၀)ကျော်ခန့်က မြန်မာယဉ်ကျေးမှုပန်းပုလက်ရာများဖြစ်ပြီး စစ်ကိုင်းမြို့သို့ လာရောက်လည်ပတ်သူများ ဝင်ထွက်ကြည့်ရှုလေ့လာနိုင်ရန် နေ့စဉ်ဖွင့်လှစ်ပေးထားခြင်းလည်း ဖြစ်သည်။အခုက စစ်ကိုင်းကို ခရီးသွားတွေ လည်ပတ်လာတာတော့ရှိပေမယ့် ဒီကိုလာတဲ့သူက နည်းသေးတယ်၊ တစ်ချို့ကလည်း လာလို့ရရဲ့လား၊ ခွင့်ပြုရဲ့လားဆိုပြီး မေးကြတာမျိုးတော့ရှိတယ်”ဟု အဆိုပါ ကျောင်းထိန်းသိမ်း စောင့်ရှောက်ရေးတွင် ပါဝင်လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။မြန်မာယဉ်ကျေးမှုပန်းပုလက်ရာများကို နောင်လာနောင်သားများမှ လာရောက်ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးထားခြင်းဖြစ်သလို လွန်ခဲ့သော နှစ်ပေါင်း(၆၀၀)ကျော်က ဂုဏ်ယူဖွယ်ရာ လက်ရာများကို လေ့လာနိုင်မည်ဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်အနုပညာလက်ရာများပေါ်၌ ရေးခြစ်ခြင်းမျိုး မပြုရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။ထိုကျောင်းအတွင်း ဇာတ်ကြီးဆယ်ဘွဲ့နိပါတ်တော်ဇာတ်ရုပ်များကို သစ်သား ရုပ်လုံးဖောင်းကြွများဖြင့် လက်ရာမြောက်စွာအသေးစိတ်ပုံဖော်ထွင်းထုထားသည်မှာလည်း စိတ်ဝင်စားစရာမျိုးဖြစ်စေခဲ့သည်။ထိုရုပ်စုံကျောင်းကို လွန်ခဲ့သောနှစ်ပေါင်း(၆၀၀)ကျော်ခန့်က အင်း၀ဘုရင် ဒုတိယမင်းခေါင်က ရှင်အရိယာ ဝံသရဟန်းတော်အတွက် ဆောက်လုပ်လှူဒါန်းခဲ့သည့် သစ်သားကျောင်းတော်ကြီးတစ်ခုဖြစ်ပြီး စစ်ကိုင်းတောင်အဆင်းလမ်း ဆင်ဘိုးဘုရားအနီး အရိယာဝံသချောင်တွင်တည်ရှိကြောင်း သိရသည်။

news-view-count-icon

17