back

ဘန်ကောက် အပါအဝင် ပြည်နယ် ၄၄ ခုမှာ မိုးရွာနိုင်ပြီး တချို့ဧရိယာတွေမှာ မိုးသည်းထန်မည်

Feb 28 • 6:12 AM

breaking-news

Thailand

Local News

cover

ဘန်ကောက် အပါအဝင် ပြည်နယ် ၄၄ ခုမှာ မိုးရွာနိုင်ပြီး တချို့ဧရိယာတွေမှာ မိုးသည်းထန်မည်

ထိုင်းနိုင်ငံ မိုးလေဝသခန့်မှန်းချက်အရ ဘန်ကောက်မြို့အပါအဝင် နိုင်ငံတစ်ဝန်းက ပြည်နယ် ၄၄ ခုမှာ မိုးရွာသွန်းနိုင်ပြီး အချို့နေရာတွေမှာ မိုးသည်းထန်တာနဲ့ ပူပြင်းတဲ့ ရ...

ထိုင်းနိုင်ငံ မိုးလေဝသခန့်မှန်းချက်အရ ဘန်ကောက်မြို့အပါအဝင် နိုင်ငံတစ်ဝန်းက ပြည်နယ် ၄၄ ခုမှာ မိုးရွာသွန်းနိုင်ပြီး အချို့နေရာတွေမှာ မိုးသည်းထန်တာနဲ့ ပူပြင်းတဲ့ ရာသီဥတုကို ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။ အထူးသဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့ကနေ ၆ ရက်နေ့အတွင်းမှာ နွေရာသီ မုန်တိုင်းတွေ ဝင်ရောက်လာနိုင်ပြီး အရှေ့မြောက်ပိုင်းဒေသတွေကို စတင်တိုက်ခတ်ပြီးနောက် ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ကို ဆက်လက်သက်ရောက်မှု ရှိလာနိုင်ပါတယ်။ဘန်ကောက်မြို့ရဲ့ လက်ရှိ ၂၄ နာရီအတွင်း မိုးလေဝသ အခြေအနေကတော့ နေ့ဘက်မှာ ပူပြင်းနိုင်ပြီး ဧရိယာရဲ့ ၂၀ ရာခိုင်နှုန်းလောက်မှာ မိုးကြိုးပစ်တာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အပူချိန်အနေနဲ့ အနိမ့်ဆုံး ၂၆-၂၇ ဒီဂရီစင်တီဂရိတ်ကနေ အမြင့်ဆုံး ၃၅-၃၆ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ အဲဒီလို ရာသီဥတု အခြေအနေတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကတော့ အနောက်တောင်လေကနေတစ်ဆင့် စိုစွတ်တဲ့လေတွေ ဝင်ရောက်လာတာနဲ့ အပူကြောင့်ဖြစ်ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်းတွေ ဖုံးလွှမ်းနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံကနေ ရွေ့လျားလာတဲ့ လေအေးတွေနဲ့ လေဖိအားကြီးရပ်ဝန်းတွေကလည်း နွေရာသီ မုန်တိုင်းတွေကို ပိုမိုဖြစ်ပေါ်စေနိုင်တဲ့ အဓိက အချက်တွေ ဖြစ်နေပါတယ်။အဲဒီအတွက်ကြောင့် ဘန်ကောက်မြို့တွင်းနဲ့ သက်ရောက်မှုရှိနိုင်မယ့် နေရာတွေမှာ နေထိုင်သူတွေအနေနဲ့ မိုးကြိုးပစ်တာနဲ့ လေပြင်းတိုက်ခတ်တာတွေကို အထူးသတိပြုကြဖို့ လိုအပ်ပါတယ်။ လေပြင်းတိုက်ချိန်မှာ ကွင်းပြင်တွေ၊ သစ်ပင်ကြီးတွေ၊ မခိုင်ခံ့တဲ့ အဆောက်အအုံတွေနဲ့ ကြော်ငြာဘုတ်တွေအနီး သွားလာတာကို ရှောင်ကြဉ်ဖို့နဲ့ ရာသီဥတု အပြောင်းအလဲကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။


news-view-count-icon

11