ကပြခွင့် ပိတ်ပင်ခံရသည့် အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲတွက် ကပြနေသည့် ယနေ့ပွဲစဥ် ဖေဖော်ဝါရီ ၂၇ ရက် တညတာ ကပြခွင့် ပြန်လည်ရရှိခဲ့ပြီး ပွဲကခွင့်ပြန်ရရန် မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) မှ ဆက်လက်ညှိနှိုင်းပေးလျက်ရှိပါသည်။ "လက်ရှိကနေတဲ့ပွဲအတွက် တညတာ ကပြခွင့်ကို မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) ရဲ့ ဝင်ရောက်ညှိနှိုင်းပေးမှုနဲ့ ပြန်ကခွင့်ရသွားပါပြီ။ ကပြခွင့် တစ်နှစ်ပိတ်ပင်ခံရတာလည်း ပယ်ဖျက်ပေးဖို့နဲ့ ကတိဝန်ခံတာ တောင်းပန်တာတွေ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ကခွင့်လည်း ပြန်ရမှာပါ။ ကျွန်တော်တို့က ပိတ်ပင်တာမျိုး ခွင့်ပြုတာမျိုး အမိန့်ပေးခွင့် မရှိပါဘူး။ ရောက်လာတဲ့ အကြောင်းကြားစာကိုပဲ ထုတ်ပြန်ပေးတာပါ" လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



