back

ဂျပန်တစ်ဝန်းက နေရာအများအပြားမှာ ချယ်ရီပန်းတွေ ပုံမှန်ထက် စောပြီး ပွင့်နိုင်တယ်လို့ ခန့်မှန်းရ

Feb 27 • 3:22 PM

breaking-news

Japan

Local News

cover

ဂျပန်တစ်ဝန်းက နေရာအများအပြားမှာ ချယ်ရီပန်းတွေ ပုံမှန်ထက် စောပြီး ပွင့်နိုင်တယ်လို့ ခန့်မှန်းရ

ဂျပန်နိုင်ငံမှာ အခုနှစ် နွေဦးရာသီမှာ ချယ်ရီပန်းတွေ ဘယ်တော့ စပွင့်မလဲဆိုတာနဲ့ ပတ်သက်ပြီး နောက်ဆုံး ခန့်မှန်းချက်တွေကို ပုဂ္ဂလိကမိုးလေဝသကုမ္ပဏီတွေက ထုတ်ပြန်ခဲ့ပါတ...

ဂျပန်နိုင်ငံမှာ အခုနှစ် နွေဦးရာသီမှာ ချယ်ရီပန်းတွေ ဘယ်တော့ စပွင့်မလဲဆိုတာနဲ့ ပတ်သက်ပြီး နောက်ဆုံး ခန့်မှန်းချက်တွေကို ပုဂ္ဂလိကမိုးလေဝသကုမ္ပဏီတွေက ထုတ်ပြန်ခဲ့ပါတယ်။ Somei Yoshino ဆိုတဲ့ ချယ်ရီပန်းမျိုးကွဲဟာ နေရာအများအပြားမှာ ပုံမှန်ထက် စောပွင့်လိမ့်မယ်လို့ အဲဒီကုမ္ပဏီတွေက ပြောပါတယ်။ Tokyo မြို့လယ်နဲ့ Fukuoka မြို့တွေမှာ အစောဆုံးအနေနဲ့ မတ်လ ၂၀ ရက်နေ့မှာ ပန်းတွေ စပွင့်နိုင်တယ်လို့ Japan Weather Association အဖွဲ့က ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက် Nagoya မြို့နဲ့ Kochi မြို့မှာ မတ်လ ၂၁ ရက်နေ့၊ Hiroshima မြို့မှာ မတ်လ ၂၂ ရက်နေ့၊ Osaka မြို့မှာ မတ်လ ၂၄ ရက်နေ့၊ Sendai မြို့မှာ ဧပြီလ ၁ ရက်နေ့နဲ့ Sapporo မြို့မှာ ဧပြီလ ၂၇ ရက်နေ့ကျရင် ချယ်ရီပန်းတွေ စပွင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။





news-view-count-icon

2