အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ပက် ညှင်းပန်းနှိပ်စက်မူနဲ့ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ သရုပ်ဆောင်မင်းရာဇာရဲ့ဇနီးဖူးငုံပွင့်ဟာ ထောင်ထဲမှာ အတိုး ၁၀၀ နူန်းနဲ့ ငွေတိုးချေးစားပြီး စီးပွားဖြစ် နေတယ်လို့ အခြားအကျဉ်းသာ းတွေရဲ့ မိသားစုတွေ ကို ပြောပါတယ်။
အမူပေါင်းစုံနဲ့အကျဉ်းကျခံနေသူတွေက သူ့ထံမှာ ငွေကျပ်တသိန်းကျပ်ချေးရင် အတိုးတသိန်း ပေးရတာ ဖြစ်ပြီး အတိုးကို တရားရုံးချိန်းတွေမှာ မိသားစုဝင်တွေက ပေးရတယ်လို့ တရားမမူနဲ့ ထောင်ကျနေသူတွေ ရဲ့ မိသားစုဝင်တွက ပြောကြပါတယ်။ ဒါ့အပြင်ဖူးငုံပွင့်ဟာ ထောင်အတွင်း စာရေးနေရာ ရယူထားပြီး အခွင့်ထူးခံလူတန်းစားအဖြစ် ထောင်ဝန်ထမ်းတွရဲ့ အရေးပေးခံနေရတယ်လို့ သူနဲ့အတူအကျဉ်းကျခံရဖူးသူတွေက ပြောပါတယ်။



