အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ် ခံရ

Feb 27 • 12:50 PM

breaking-news

Myanmar

Yangon

breaking-news
cover

အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ် ခံရ

အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ်လိိုက်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ယင...

အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ်လိိုက်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ယင်းစာထုတ်ပြန်သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် 

အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် ရန်မျိုးအောင်ဘုရားပွဲတွင် ကပြလျက်ရှိသည့် ပွဲစဥ်ကိုပင် ကပြခွင့်မပြုပဲ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ယနေ့ ကပြမည့် သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်ကြိုတင်ဝယ်ယူထားသူများ ဇာတ်ရုံတွင် ယနေ့ည ၇ နာရီမှ စတင်၍ ပြန်လည်လာရောက် ထုတ်ယူနိုင်ပါပြီ" ဟု အောင်ဇမ္ဗူ ဇာတ်သဘင် ၏ မန်နေဂျာ ကိုကျော်ဇေယျက လူမှုကွန်ရက်တွင် ရေးသားထားသည်။သဘင်အစည်းအရုံး(ဗဟို)၏ ထုတ်ပြန်ချက်တွင်

အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့၏ ဖျော်ဖြေမှုများသည် ပြည်သူများအကြားအတုယူလွှဲမှားစေသည့်အပြင် မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာများကိုပါ များစွာထိခိုက်စေပါသဖြင့် မသန်စွမ်းသူများအား တားဝင်ပြန်လည်တောင်းပန်ရန် ဟုလည်း ထည့်သွင်းဖော်ပြထားသည်။




news-view-count-icon

34