back

မြန်မာနိုင်ငံအတွက်အကျိုးရှိမည့် ဂြိုဟ်တုလွှင့်တင်ရေး ဆွေးနွေး

Feb 27 • 6:49 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံအတွက်အကျိုးရှိမည့် ဂြိုဟ်တုလွှင့်တင်ရေး ဆွေးနွေး

ရုရှားနိုင်ငံ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ်နှင့် ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ပြည်သူလူထုအကျိုး...

ရုရှားနိုင်ငံ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ်နှင့် ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ပြည်သူလူထုအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရန်ကုန်ရှိ အာကာသပြတိုက်အား အဆင့်မြှင့်တင်ရေးနှင့် မျိုးဆက်သစ်လူငယ်များအတွက် အာကာသနည်းပညာဆိုင်ရာ ဗဟုသုတများ ဖြန့်ဝေပေးရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။ ထို့အပြင် အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာတော်သင် သင်တန်းသားများ စေလွှတ်ရေးနှင့် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသ စူးစမ်းလေ့လာရေးဆိုင်ရာ ကိစ္စရပ်များကိုပါ အလေးပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

19