ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမား စာရွက်စာတမ်း (ဘတ်) ဝန်ဆောင်မှုပေးသည့် ဆိုင်တစ်ခုကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ရာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။ မဲဆောက်မြို့နယ်၊ ချိုက်ဝနာလမ်းရှိ အဆိုပါဆိုင်တွင် ၎င်းတို့အား အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိခြင်းနှင့် ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်ခြင်း ပုဒ်မများဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
Feb 27 • 4:37 AM
Thailand
Local News
Share
| 8 | 0 | 0 | 0 |


