အအေးမိဖျားနာဖြစ်တဲ့အချိန်မှာ ကြက်စွပ်ပြုတ်က အခြားသော စားစရာတွေထက် များစွာအထောက်အကူဖြစ်စေတယ်လို့ အာကက်ရှ်ကျန်းမာရေးစောင့်ရှောက်မှုမှ အာဟာရပညာရှင် အန်နျူဂျာဂေါ်က ပြောပါတယ်။ နေမကောင်းလို့ စားချင်စိတ်နည်းနေရင်တောင် ကြက်စွပ်ပြုတ်က အစာကြေလွယ်စေပါတယ်။ (၁) ဆီများတဲ့ အစားအစာတွေက နေမကောင်းတဲ့အချိန်မှာ မအီမသာဖြစ်စေပေမယ့် ကြက်စွပ်ပြုတ်ကတော့ အစာအိမ်အတွက် ညင်သာစေပြီး လည်ချောင်း၊ နှာခေါင်းတို့ကို သက်သာစေကာ စားချင်စိတ် အလွန်နည်းနေရင်တောင် နူးညံ့တဲ့အသွင်အပြင်ကြောင့် စားမိစေပါတယ်။ (၂) ကြက်စွပ်ပြုတ်တစ်ခွက်မှာ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်၊ အရည်တို့ ပေါင်းစပ်ပါဝင်ပြီး ကြက်သားကရတဲ့ ပရိုတိန်းက ကိုယ်ခံအားကောင်းစေကာ မုန်လာဥနီ၊ နံနံပင်တို့လို အရွက်တွေက ဓာတ်တိုးဆန့်ကျင်ပစ္စည် းများ၊ အာဟာရဓာတ်များ ပါဝင်ပါတယ်။



